နုတ်ခွန်းဆက်စကား
ဤ“ကောင်းကင်အရိပ်”အင်တာနက်စာမျက်နှာသို့ရည်ရွယ်၍ဝင်ရောက်လာသည်ဖြစ်စေမရည်ရွယ်ဘဲဝင်ရောက်လာသည်ဖြစ်စေ၊ဝင်ရောက်ဖက်ရှုသူမိတ်ဆွေများအားလုံးကို လှိုက်လှဲဝမ်းမြောက်စွာဖြင့်ကြိုဆိုအပ်ပါသည်။
မိခင်ရဲ့ချစ်ခြင်းမေတ္တာ၊မိခင်ရဲ့ကျေးဇူးတရားများကိုဤအင်တာနက်စာမျက်နှာပေါ်တွင်အဓိကထားဖော်ညွန်းရေးသားရန်ရည်ရွယ်ထားပါသည်၊ဖခင်၏ကျေးဇူးတရားများနှင့်ပါတ်သက်၍ လည်းအလျှင်းသင့််သလိုဖေါ်ပြပေးပါမည်။
စာဖတ်သူမိတ်ဆွေများအနေဖြင့်မိမိတို့ရဲ့ကိုယ်တိုင်ရေးကဗျာ၊ဝတ္တုတို၊ဆောင်းပါးများနှင့်အ ခြားသောမိဘနှင့်ပါတ်သက်သည့်စာမူများ၊စာရှု့သူအတွက်အကျိုးရှိဗဟုသုတရစေမည့်စာမူများကိုပေးပို့လိုပါက tunaungkyaw.mm@gmail.comသို့ပေးပို့နိုင်သည်။ ဤအင်တာနက်စာမျက်နှာပေါ်တွင်ပေးပို့သောစာမူနှင့်အတူရေးသားသူ၏အမည်ကိုပါပူးတွဲဖေါ်ပြပေးပါမည်။ကိုယ်တိုင်ရေးမဟုတ်သော်လည်းမိမိဖတ်ဖြစ်သောစာအုပ်သို့မဟုတ်အင်တာနက်စာမျက်နှာများမှမိခင်နှင့်ပါတ်သက်သည့်စာမူကောင်းများ၊အများအတွက်အကျိုးရှိစေမည့်စာကောင်းပေမွန်များကိုလည်းတဆင့်ရေးသားပေးပို့နိုင်ပါသည်။
မူရင်းစာရေးဆရာ၏အမည်နှင့်တဆင့်ပေးပို့သူ၏အမည်များကိုပါပူးတွဲ၍၊ဖေါ်ပြပေးပါမည်။
ဤ“ကောင်းကင်အရိပ်”အင်တာနက်စာမျက်နှာအားဝင်ရောက်ဖက်ရှုသူများအတွက်၊တစုံတရာအကျိုးရှိစေရန်ရည်ရွယ်၍မေတ္တာဖြင့်ဖန်တီးရေးသားခြင်းဖြစ်ပါသဖြင့်အခက်အခဲအကြောင်းကြောင်းကြောင့်မူရင်းစာရေးဆရာများ၏စာမူများအားတဆင့်အသုံးပြုရာတွင်ကြိုတင်ခွင့်ပြုချက်မတောင်းဖြစ်သည်ကိုနားလည်ခွင်လွတ်ပေးစေချင်ပါသည်။

Monday, February 8, 2010
Tuesday, October 27, 2009

လူ့ဘဝဆိုတာ လိမ္မော်သီး တစ်လုံးဖြစ်ခဲ့မယ်ဆိုရင် .....
အချစ်ဆိုတဲ့အရာဟာ အဲ့ဒီ့လိမ္မော်သီးထဲက အမွှာလေးတစ်မွှာ မျှသာဖြစ်ပါတယ်၊
လိမ္မော်သီးတစ်မွှာထဲအတွက်နဲ့တော့ တစ်လုံးလုံး မပုပ်သွားပါစေနဲ့။
*23.12.05နေ့ ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် စာသင်ကျောင်းတစ်ခုရဲ့ စာပေဟောပြောပွဲမှ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ရဲ့ စကားစုတစ်ချို့အား ဖေါ်ပြခြင်းဖြစ်ပါသည်*

အမေ့မိသားစု
အမေ့ လှေကလေးမှာ
သားသ္မီးတွေ အသက်လုံး
စီးခဲ့တာ တငြိမ့်ငြိမ့်
လှိုင်းလည်းမကြွ လေလည်းမထန်
ရေဆန်လေဆန်မှာတောင် တက်မလဲ
အမေ ပြုံးနေခဲ့တယ်နော်၊
သားသ္မီးတွေရဲ့ သင်္ဘောကြီးပေါ်မှာ
အမေတစ်ရက်တည်း စီးရုံနဲ့
ဆိုင်ကလုံး မုန်တိုင်းထဲက
ဆူနာမီ လှိုင်းကြီးတွေအောက်
(ကျွန်မတို့ အားလုံး)
တိုင်တန်းနစ် ဖြစ်ခဲ့ကြရတယ်။
*၂၀၀၆ ဖေဖေါ်ဝါရီလထုပ် Fashion Image မဂ္ဂဇင်းမှ စိမ်းလဲ့ရည်(မကွေး) ၏ ကဗျာအား ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်*
Monday, October 12, 2009
မေ၂ (သို့မဟုတ်) နာဂစ်
ရာစုနှစ်ပေါင်း များစွာ
အိနြေ္ဒ သိက္ခာ ကြီးမားခဲ့တဲ့
ချစ်လှစွာသော
ဧရာဝတီ......
သင်.. မှေးစက်ခိုနားရာ
သင့်ကို အားကိုးတကြီးရှိလှစွာသော
့မြစ်ဝကျွန်းပေါ်တစ်ခုလုံး
ဝရုန်းသုန်းကားတွေဖြစ်
“နာဂစ်”က မညှာတာရစ်လေတော့
နူသူကိုမှ ဝဲစွဲ
လဲရာကိုမှ သူခိုးထောင်းသလို
ဘဝပေါင်း များစွာကို
ဖျက်စီးခဲ့တယ်၊
သားမရှိတော့တဲ့ အမေ
မယားမရှိတော့တဲ့ ယောင်္ကျား
ရွာလုံးကျွတ်တွေတောင်
ပျောက်ကွယ်သွားသတဲ့၊
ဘုရား...ဘုရား
စိတ်မချမ်းမြေ့စရာ
သတင်း စကားတွေကို
နောင်ဘယ်တော့များမှ
မကြားရစေဖို့
ရည်မှန်းလို့ ဆုတောင်းပေးမယ်၊
ရန်သူမျိုး (၅)ပါးရဲ့ဘေး
့မြန်မာ့ပြည်သူတွေ
ကင်းဝေးစေသား ။ ။
4.5.08
12:15pm
* နာဂစ်ဖြစ်ပြီး ၂ရက်အကြာမှာ ဒီကဗျာလေးကို ခံစားရေးဖွဲ့ဖြစ်ခဲ့တာပါ*

မင်္ဂလာဧည့်ခံပွဲ
အရှုံး နဲ့ အမြတ်
ခွဲရေး တွဲရေး ပဋိပက္ခတ်
၃-၄ နာရီ အချိန်လေးတစ်ခုအတွက်နဲ့များ
ခေတ် အဆက်ဆက်
ရေးကြီးခွင်ကျယ် လုပ်နေလိုက်ကြတာ
ဘယ်လောက် တင်တောင်းပါ
ဘယ်ဟိုတယ် ဘယ်ခန်းမမှာ
ဘာကျွေးမှာတဲ့တုံး
မိရိုးဖလာ
လူမှုရေး ဈေးကွက်တစ်ခုလို
ကိန်းဂဏန်းတွေကိုပြိုင်ဆိုင်ကြ
ယဉ်ကျေးတဲ့
လူ့အဖွဲ့အစည်းကြီးထဲမှာ။ ။
6.2.06
4:10pm
*ဒီကဗျာလေးရေးထားတာတော့ ကြာပါပြီ၊ မင်္ဂလာဆောင် တချို့ နဲ့ ပါတ်သက်ပြီး ခံစားမိရာကနေ ရေးဖြစ်သွားတာပါ*
Wednesday, September 30, 2009

ကျွန်တော်ရဲ့ ကမ်း
သားသမီးတို့သည် မြစ်ဖြစ်ပါက၊ မိဘတို့သည် ကမ်းနှစ်ဖက်ဖြစ်သည်။ အနာဂတ်ပင်လယ်ဆီအရောက်၊ မြစ်တို့စီးဆင်းနိုင်ရန်၊ ကမ်းတို့က အတိုက်အစားခံခဲ့ရသည်။ အပြိုအကျ အပျက်အစီးခံရင်း မြစ်တို့ကို စီးဆင်းစေခဲ့သည်။
*ကျွန်တော်တို့အမေ စာအုပ်မှ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကျွန်တော်ရဲ့ ကမ်း ဆောင်းပါးပါ စာတချို့အား ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်*
ဗီဇနန်းတော်ထဲရောက်လဲ ခွေးမလေးဟာ ခွေးမလေးပါဘဲ၊ နောက်ဆုံးတော့လဲ ဖိနပ်ကို ချီချီတက်တဲ့သူ့အကျင့်ကတော့ ပျောက်မသွားပါဘူး။
*အမေနဲ့ ဟိုအကြောင်း ဒီအကြောင်း စကားတွေပြောနေရင်းက အမေ့ဆီက လျှပ်တပြတ်ကြားလိုက်ရတဲ့ စကားစုလေးကို သဘောကြမိလို့ မှတ်ထားလိုက်တာပါ၊ အမေဟာ ကျွန်တော်တို့လောက် ပညာမသင်ခဲ့ရဖူးပေမဲ့ တခါတရံ အမေ့ဆီက ဒီလိုမျိုး ဒဿနလေးတွေ ကြားရတက်ပါတယ်*
Subscribe to:
Comments (Atom)