
အမေ့မိသားစု
အမေ့ လှေကလေးမှာ
သားသ္မီးတွေ အသက်လုံး
စီးခဲ့တာ တငြိမ့်ငြိမ့်
လှိုင်းလည်းမကြွ လေလည်းမထန်
ရေဆန်လေဆန်မှာတောင် တက်မလဲ
အမေ ပြုံးနေခဲ့တယ်နော်၊
သားသ္မီးတွေရဲ့ သင်္ဘောကြီးပေါ်မှာ
အမေတစ်ရက်တည်း စီးရုံနဲ့
ဆိုင်ကလုံး မုန်တိုင်းထဲက
ဆူနာမီ လှိုင်းကြီးတွေအောက်
(ကျွန်မတို့ အားလုံး)
တိုင်တန်းနစ် ဖြစ်ခဲ့ကြရတယ်။
*၂၀၀၆ ဖေဖေါ်ဝါရီလထုပ် Fashion Image မဂ္ဂဇင်းမှ စိမ်းလဲ့ရည်(မကွေး) ၏ ကဗျာအား ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်*

No comments:
Post a Comment