နုတ်ခွန်းဆက်စကား

ဤ“ကောင်းကင်အရိပ်”အင်တာနက်စာမျက်နှာသို့ရည်ရွယ်၍ဝင်ရောက်လာသည်ဖြစ်စေမရည်ရွယ်ဘဲဝင်ရောက်လာသည်ဖြစ်စေ၊ဝင်ရောက်ဖက်ရှုသူမိတ်ဆွေများအားလုံးကို လှိုက်လှဲဝမ်းမြောက်စွာဖြင့်ကြိုဆိုအပ်ပါသည်။
မိခင်ရဲ့ချစ်ခြင်းမေတ္တာ၊မိခင်ရဲ့ကျေးဇူးတရားများကိုဤအင်တာနက်စာမျက်နှာပေါ်တွင်အဓိကထားဖော်ညွန်းရေးသားရန်ရည်ရွယ်ထားပါသည်၊ဖခင်၏ကျေးဇူးတရားများနှင့်ပါတ်သက်၍ လည်းအလျှင်းသင့််သလိုဖေါ်ပြပေးပါမည်။
စာဖတ်သူမိတ်ဆွေများအနေဖြင့်မိမိတို့ရဲ့ကိုယ်တိုင်ရေးကဗျာ၊ဝတ္တုတို၊ဆောင်းပါးများနှင့်အ ခြားသောမိဘနှင့်ပါတ်သက်သည့်စာမူများစာရှု့သူအတွက်အကျိုးရှိဗဟုသုတရစေမည့်စာမူများကိုပေးပို့လိုပါက tunaungkyaw.mm@gmail.comသို့ပေးပို့နိုင်သည်။ ဤအင်တာနက်စာမျက်နှာပေါ်တွင်ပေးပို့သောစာမူနှင့်အတူရေးသားသူ၏အမည်ကိုပါပူးတွဲဖေါ်ပြပေးပါမည်။ကိုယ်တိုင်ရေးမဟုတ်သော်လည်းမိမိဖတ်ဖြစ်သောစာအုပ်သို့မဟုတ်အင်တာနက်စာမျက်နှာများမှမိခင်နှင့်ပါတ်သက်သည့်စာမူကောင်းများ၊အများအတွက်အကျိုးရှိစေမည့်စာကောင်းပေမွန်များကိုလည်းတဆင့်ရေးသားပေးပို့နိုင်ပါသည်။
မူရင်းစာရေးဆရာ၏အမည်နှင့်တဆင့်ပေးပို့သူ၏အမည်များကိုပါပူးတွဲ၍၊ဖေါ်ပြပေးပါမည်။
ဤ“ကောင်းကင်အရိပ်”အင်တာက်စာမျက်နှာအားဝင်ရောက်ဖက်ရှုသူများအတွက်၊တစုံတရာအကျိုးရှိစေရန်ရည်ရွယ်၍မေတ္တာဖြင့်ဖန်တီးရေးသားခြင်းဖြစ်ပါသဖြင့်အခက်အခဲအကြောင်းကြောင်းကြောင့်မူရင်းစာရေးဆရာများ၏စာမူများအားတဆင့်အသုံးပြုရာတွင်ကြိုတင်ခွင့်ပြုချက်မတောင်းဖြစ်သည်ကိုနားလည်ခွင်လွတ်ပေးစေချင်ပါသည်။






Tuesday, October 27, 2009


လူ့ဘဝဆိုတာ လိမ္မော်သီး တစ်လုံးဖြစ်ခဲ့မယ်ဆိုရင် .....

အချစ်ဆိုတဲ့အရာဟာ အဲ့ဒီ့လိမ္မော်သီးထဲက အမွှာလေးတစ်မွှာ မျှသာဖြစ်ပါတယ်၊

လိမ္မော်သီးတစ်မွှာထဲအတွက်နဲ့တော့ တစ်လုံးလုံး မပုပ်သွားပါစေနဲ့။


*23.12.05နေ့ ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် စာသင်ကျောင်းတစ်ခုရဲ့ စာပေဟောပြောပွဲမှ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ရဲ့ စကားစုတစ်ချို့အား ဖေါ်ပြခြင်းဖြစ်ပါသည်*

No comments:

Post a Comment